Business System Builder
AI က Code ရေးပေးပါတယ်။ ခက်တာက — ဘာဆောက်ခိုင်းရမလဲ သိဖို့၊ ဆောက်ပြီးတာ တကယ်လုပ်လား စစ်တတ်ဖို့၊ တိတ်တဆိတ် ငွေဆုံးရှုံးနေတာ ဖမ်းမိဖို့ပါ။

Code မတတ်ဘဲ ကိုယ့်လုပ်ငန်းအတွက် ကိုယ့် System ကိုယ်တိုင် ဆောက်မယ်။ သင်တန်းပြီးရင် စမ်းသပ် App မဟုတ်ဘဲ — Customer တကယ်သုံးနေတဲ့၊ ငွေတကယ်ဝင်နေတဲ့ System တစ်ခု ကိုယ်ပိုင် ရှိသွားမယ်။ ⭐️ အနည်းဆုံး Business AI သို့မဟုတ် The 9 Club Members များ သို့မဟုတ် AI Agent Launchpad တက်ဖူးသူများသာ တက်ရောက်နိုင်သည်။ ⭐️
- Duration
- 6 ပတ် (Live ၃ ရက် + Online ၄ ပတ်)
- Format
- Live ၃ ရက် (ရန်ကုန်) + Online ၄ ပတ် + နောက်ဆုံးပတ် ပြသပွဲ ၁ ရက်
ဒီ Course က ဘယ်သူ့အတွက်လဲ
- ✓Level 1 (Business AI Strategic Blueprint) ပြီးထားသူ
- ✓လက်နဲ့ ထပ်ခါထပ်ခါ လုပ်နေရတဲ့ အလုပ် ရှိတဲ့ လုပ်ငန်းရှင် / မန်နေဂျာ
- ✓တစ်ပတ်ကို ၅-၈ နာရီ ပေးနိုင်သူ
- ✓ကိုယ့် Data ကို ကိုယ်ပိုင်ထားချင်သူ (တခြားသူ့ Software မှာ မမှီခိုချင်သူ)
ဌာနတိုင်းအတွက် ဘယ်လို အသုံးဝင်မလဲ
လုပ်ငန်းတစ်ခုလုံး တစ်ပြေးညီ ရှေ့တိုးနိုင်အောင် — ဌာနအလိုက် လက်တွေ့ အသုံးချပုံများ
Google Form နဲ့ Excel ကနေ လွတ်မြောက်ခြင်း — Customer ဝင်တာနဲ့ ဖုန်းကို အသိပေး၊ ပြေစာ သိမ်း၊ Email အလိုအလျောက်။
ဘယ်လောက်ရလဲ၊ ဘယ်ကနေရလဲ တစ်ချက်တည်း မြင်ရခြင်း — လစဉ် ကိုယ်တိုင် တွက်စရာ မလိုတော့ပါ။
ဘယ်သူ ဘယ် Batch လဲ၊ ငွေရပြီးလား၊ Certificate ထုတ်ပေးခြင်း။
ခဏခဏ မေးတဲ့ မေးခွန်းတွေကို ၂၄ နာရီ ဖြေပေးတဲ့ Chat — ကိုယ့်လုပ်ငန်း အချက်အလက်နဲ့။
ဘာတွေ ရရှိမလဲ
သင်တန်းပြီးရင် Demo မဟုတ်ဘဲ — ကိုယ့် Domain၊ ကိုယ့် Data၊ Customer တကယ်သုံးလို့ရတဲ့ System တစ်ခု ရှိသွားမယ်။
AI ဆောက်ပေးတာ တကယ် အလုပ်လုပ်မလုပ် ဘယ်လို စစ်ရမလဲ။ "အလုပ်လုပ်သလို ပုံစံပြပြီး တကယ်က မလုပ်တဲ့" အရာတွေကို ဖမ်းမိသွားမယ်။
Customer ငွေလွှဲပြီး ဘာမှ မဖြစ်တာ၊ Bot က ဈေးမှား ပြောနေတာ — ဒါမျိုးတွေ လက်တွေ့ ဖြစ်ခဲ့တဲ့ ဥပမာတွေနဲ့ သင်ပါမယ်။
မနက်တိုင်း ဖုန်းကို System ကျန်းမာရေး အစီရင်ခံစာ ရောက်လာအောင် ဆောက်တတ်သွားမယ်။
စမ်းကွင်းနဲ့ တကယ့်ကွင်း ခွဲပြီး လုံခြုံစွာ ထုတ်တတ်ခြင်း — Customer မမြင်ခင် အမှားကို ဖမ်းနိုင်ခြင်း။
ကိုယ်တစ်ယောက်တည်း ပိုင်တဲ့ System မဟုတ်ဘဲ Team သုံးတတ်အောင် လွှဲပြောင်းနည်း။
တက်ရောက်ခဲ့သူများ ပြောကြားချက်
လုပ်ငန်းရဲ့ လိုအပ်ချက် အမလို SME လုပ်ငန်းလေးတွေအတွက် အများကြီး ပြောင်းလဲတိုးတက်မှုတွေ ရနိုင်ပါတယ် ။ အသုံးတည့်လာတာနဲ့အမျှ အချိန်ကုန် ငွေကုန်သက်သာပီး revenue တွေ အများကြီး ရလာပါလိမ့်မယ်
Course Outline
- –ကိုယ့်လုပ်ငန်းမှာ အချိန်အကုန်ဆုံး / ငွေအယိုဆုံး အလုပ် ရှာထုတ်ခြင်း
- –တစ်ခုတည်း ရွေးခြင်း — အားလုံး တစ်ပြိုင်နက် မလုပ်ရ
- –AI Coding Tool · Database · Hosting · Code သိမ်းဆည်းမှု တပ်ဆင်ခြင်း
- –အဲဒီ ၄ ခု ဘယ်လို ချိတ်ဆက်နေလဲ နားလည်ခြင်း
- –Context ဖိုင် ရေးခြင်း — လုပ်ငန်းအကြောင်း AI မမေ့အောင်
- –"ဒါလုပ်ပေး" မဟုတ်ဘဲ "ဒီပြဿနာကို ဖြေရှင်းပေး" လို့ ခိုင်းတတ်ခြင်း
- –AI ပြောတာကို ငြင်းတတ်ခြင်း
- –အလုပ်ကြီးတစ်ခုကို အပိုင်းလေးတွေ ခွဲခြင်း
- –Customer စာရင်းသွင်းတဲ့ ဖောင် — ဘာမေး၊ ဘာမမေးရ
- –ငွေလွှဲပြေစာ လက်ခံခြင်းနဲ့ သိမ်းဆည်းခြင်း
- –Customer ဝင်လာတာနဲ့ ဖုန်းကို ချက်ချင်း အသိပေးခြင်း
- –အတည်ပြု Email အလိုအလျောက် ပို့ခြင်း
- –ကိုယ်တိုင် Customer ဖြစ်ကြည့်ခြင်း — အစအဆုံး လျှောက်ကြည့်
- –Website ပြတာနဲ့ Database ထဲက အမှန် တိုက်စစ်ခြင်း
- –ဖုန်းနဲ့ စစ်ခြင်း (Customer ၈၀% က ဖုန်းကနေ)
- –AI ကို ကိုယ့်အလုပ် ပြန်စစ်ခိုင်းခြင်း
- –စမ်းသပ်ကွင်းနဲ့ တကယ့်ကွင်း ခွဲခြင်း
- –Database ပြောင်းလဲမှု — ဘာလုပ်လို့ရ၊ ဘာမလုပ်ရ
- –နေ့စဉ် အလိုအလျောက် စစ်ဆေးမှု ဆောက်ခြင်း
- –Error ဖြစ်ရင် အလိုအလျောက် အသိပေးခြင်း
- –Feature တစ်ခု ပြင်တာက တခြားတစ်ခုကို ဘယ်လို ချိုးနိုင်လဲ
- –ဘယ်အချိန် ကိုယ်တိုင်လုပ်၊ ဘယ်အချိန် လူငှားရမလဲ
- –ဝန်ထမ်းတွေ သုံးတတ်အောင် လွှဲပြောင်းခြင်း
- –တစ်ယောက်ချင်းစီ ကိုယ့် System ပြသခြင်း
🎁 Bonuses
- 🎁ကျွန်တော်တို့ တကယ်သုံးနေတဲ့ Context ဖိုင် နမူနာများ (CLAUDE.md, CHECKLIST.md)
- 🎁တကယ်ဖြစ်ခဲ့တဲ့ Bug မှတ်တမ်း အပြည့်အစုံ — ဘာဖြစ်ခဲ့လဲ၊ ဘယ်လို ဖမ်းမိလဲ
- 🎁နေ့စဉ် စစ်ဆေးမှု စနစ် နမူနာ Code
- 🎁သင်တန်းပြီးလည်း ၃ လ Viber Group ဝင်ခွင့်
မကြာမီ ဖွင့်မည်
ထိုင်ခုံ ကြိုမှာယူထားနိုင်ပါပြီ
စျေးနှုန်းနဲ့ ရက်စွဲ မကြာမီ ကြေညာပါမယ်။ ထိုင်ခုံ ၁၂ ခုသာ ရှိမှာဖြစ်လို့ ကြိုမှာထားသူများကို ဦးစားပေးပါမယ် — ဖွင့်တာနဲ့ ပထမဆုံး အသိပေးပြီး အထူးဈေး ရရှိပါမယ်။ ငွေပေးစရာ မလိုသေးပါ။
🎟️ ထိုင်ခုံ ကြိုမှာယူရန်
ထိုင်ခုံ ၁၂ ခုသာ ရှိပါမယ် — ကြိုမှာထားသူများကို ဦးစားပေးပါမယ်။ ငွေပေးစရာ မလိုသေးပါ။
🎟️ ထိုင်ခုံ ကြိုမှာမည် →၁ မိနစ် — ငွေပေးစရာ မလိုပါ။ ဖွင့်တာနဲ့ ပထမဆုံး အသိပေးပါမယ်
ဘာမှ ကြိုပြင်စရာ မလိုပါ
AI Tool၊ Hosting၊ Database တွေက လစဉ် ကုန်ကျစရိတ် ရှိပါတယ် (ခန့်မှန်း — အနည်းငယ်)。ဘယ်ဟာ အခမဲ့နဲ့ ရလဲ၊ ဘယ်ဟာ ပေးရလဲ သင်တန်းမှာ အသေးစိတ် ရှင်းပြပါမယ်။
လိုအပ်ချက်များ
- •Level 1 (Business AI Strategic Blueprint) ပြီးထားရမယ်
- •Laptop တစ်လုံး (Windows / Mac ရ)
- •အင်တာနက် လိုင်း ကောင်းကောင်း
- •တစ်ပတ်ကို ၅-၈ နာရီ ပေးနိုင်ရမယ်
မေးလေ့ရှိသော မေးခွန်းများ
Code လုံးဝ မတတ်ဘူး — လိုက်နိုင်ပါ့မလား?+
လိုက်နိုင်ပါတယ်။ ဒီသင်တန်းက Code ရေးနည်း သင်တာ မဟုတ်ပါ — AI ကို ဘယ်လို ခိုင်းရမလဲ၊ ဆောက်ပြီးတာ ဘယ်လို စစ်ရမလဲ သင်တာပါ။ ဆရာကိုယ်တိုင်လည်း Code မတတ်ဘဲ ဒီ System ကို ဆောက်ခဲ့တာပါ။
ဘယ်လောက် ကြာမလဲ?+
၆ ပတ်ပါ — Live ၃ ရက်၊ ပြီးရင် Online ၄ ပတ် (အပတ်စဉ် တွေ့ဆုံ)၊ နောက်ဆုံးပတ်မှာ ပြသပွဲ ၁ ရက်။ တစ်ပတ်ကို ၅-၈ နာရီ ပေးရပါမယ်။
ဘာ System ဆောက်ရမှာလဲ?+
ကိုယ့်လုပ်ငန်းရဲ့ တကယ့်ပြဿနာ တစ်ခုကို ရွေးပြီး အဲဒါအတွက် ဆောက်ရမှာပါ — Module 00 မှာ အတူတူ ရွေးပေးပါမယ်။ စာရင်းသွင်းစနစ်၊ Customer စီမံခန့်ခွဲမှု၊ အရောင်းစာရင်း — ဘာမဆို ရပါတယ်။
ကုန်ကျစရိတ် ထပ်ရှိလား?+
ရှိပါတယ်။ AI Tool၊ Hosting၊ Database က လစဉ် ကုန်ကျပါတယ်။ အများစုက အခမဲ့ Plan နဲ့ စလို့ရပါတယ် — ဘယ်အချိန် ပေးရမလဲဆိုတာ သင်တန်းမှာ ရှင်းပြပါမယ်။
ဘယ်တော့ ဖွင့်မလဲ?+
ရက်စွဲ အတိအကျ မသတ်မှတ်ရသေးပါ။ ထိုင်ခုံ ၁၂ ခုသာ ရှိမှာဖြစ်လို့ အခုကတည်းက ကြိုမှာထားနိုင်ပါတယ် — ငွေပေးစရာ မလိုပါ။ ဖွင့်တာနဲ့ ကြိုမှာထားသူများကို ပထမဆုံး အသိပေးပြီး ဦးစားပေး နေရာချထားပါမယ်။
လူဘယ်လောက် လက်ခံမလဲ?+
၁၂ ယောက်သာ လက်ခံပါမယ်။ တစ်ယောက်ချင်းစီရဲ့ လုပ်ငန်း မတူလို့ တစ်ဦးချင်း ကူညီရမှာမို့ပါ။
🎟️ ထိုင်ခုံ ကြိုမှာယူရန်
ထိုင်ခုံ ၁၂ ခုသာ ရှိပါမယ် — ကြိုမှာထားသူများကို ဦးစားပေးပါမယ်။ ငွေပေးစရာ မလိုသေးပါ။
🎟️ ထိုင်ခုံ ကြိုမှာမည် →၁ မိနစ် — ငွေပေးစရာ မလိုပါ။ ဖွင့်တာနဲ့ ပထမဆုံး အသိပေးပါမယ်
Facebook သုံးနေသူဆိုရင် Messenger ကနေလည်း မေးလို့ရပါတယ်
🛡️ အန္တရာယ် လုံးဝ မရှိပါ
သင်တန်း ၆ ပတ်လုံး တက်ရောက်ပြီး ကိုယ့်လုပ်ငန်းအတွက် အလုပ်လုပ်တဲ့ System တစ်ခု မဆောက်နိုင်ခဲ့ရင် သင်တန်းကြေး ၁၀၀% ပြန်အမ်းပါတယ်။